ယနေ့ခေတ်မှာ မိမိလုပ်ငန်းရဲ့ Product ကို လူသိများလာစေရန် နည်းအမျိုးမျိုးနဲ့ ကြိုးစားလာကြပါတယ်။ Marketing ကောင်းရင် လုပ်ငန်းကောင်းတယ်ဆိုတဲ့ သဘောအတိုင်း စီးပွားရေးလုပ်ငန်းအများစုက မိမိတို့ ထုတ်ကုန်ကို ပိုမိုလူသိများလာစေရန် ထိရောက်တဲ့ကြော်ငြာခြင်းတွေ ပြုလုပ်လာကြပါတယ်။
ဒီလိုကြော်ငြာခြင်းမှာလည်း Traditional Marketing လို့ခေါ်တဲ့ သမာရိုးကျကြော်ငြာခြင်း နဲ့ Digital Marketing လို့ခေါ်တဲ့ Online Marketing ဆိုပြီး နှစ်မျိုးရှိပါတယ်
Brand ၁ ခု စဖောက်ပြီဆိုတာနဲ့ အများစုဟာ မိမိ Brand ကို လူသိများစေရန် Promotion ပွဲပြုလုပ်ခြင်းတွေ လူစည်ကားတဲ့နေရာတွေမှာ လက်ကမ်းစာစောင် ဝေငှခြင်းတွေ Billboard ထောင်ခြင်းတွေ ပြုလုပ်လေ့ရှိကြပါတယ်။
သမာရိုးကျ Marketing တွေ ရှိနေတာပဲ Digital Marketing ဘာကြောင့်သုံးရတာလဲ သုံးသင့်တာလဲ ဆိုရင်…
1.Online ကနေ Marketing လုပ်တဲ့အတွက်ကြောင့် Customer တွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်ပြီး ခိုင်မာတဲ့ relationship တွေ ရရှိစေပါတယ်။
2.Customer တွေထံမှ ရရှိလာတဲ့ Feedback တွေကမှတစ်ဆင့် Product ရဲ့ Quality တွေကို ပြန်လည်ပြင်ဆင်နိုင်ခြင်းကြောင့်
Quality ပိုမိုကောင်းမွန်လာစေပါတယ်။
3.Social Media တွေမှာ ကြော်ငြာသည့်အခါတွင်လည်း အသက်အရွယ်အပိုင်းအခြား နေရာဒေသ အမျိုးသားအမျိုးသမီး စသည်တို့ကို ရွေးချယ်ကြော်ငြာနိုင်တဲ့အတွက်ကြောင့် ကိုယ့်Product ရဲ့ Customer ဖြစ်လာစေမဲ့ အလားအလာရှိသူ( Potential Customer) တွေကို ရရှိလာစေမှာဖြစ်ပါတယ်။
4. ရရှိလာတဲ့ Potential Customer တွေကို Analytics, Ads Tools တွေသုံးပြီး ထပ်မံကြော်ငြာခြင်းများပြုလုပ်ပေးခြင်းဖြင့် Product ကို အမှန်တကယ်စိတ်ဝင်တစားဝယ်ယူမဲ့ Real Customer တွေ ဖြစ်လာစေမှာပါ။
5. ကိုယ့်Product ကို အချိန်တိုအတွင်း ငွေကုန်ကြေးကျ သက်သာစွာဖြင့် လူသိများစေခြင်းကြောင့် လုပ်ငန်းအတွက် များစွာအထောက်အကူပြုစေမှာပဲ ဖြစ်ပါတယ်။
လုပ်ငန်းအတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်မဲ့ Digital Marketing နဲ့ ကိုယ့်ရဲ့Product ကို ဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်လိုပါက ကျွန်တော်တို့ Digital Dots နဲ့ အခမဲ့လာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။