Digital Marketing

Facebook က Free ပေးထားတဲ့ Page Auto Reply

Facebook Page တစ်ခုဖွင့်ပြီးပြီဆိုတာနဲ့ Page ရဲ့ Setting ထဲက Response Assistant ကို ဖွင့်ပေးပါ။

Response Assistant က စကားလာပြောတဲ့ သူကို နှုတ်ဆက်တာမျိုးတွေ၊ စာမပြန်နိုင်သေးတဲ့အခါ စကားပြန်ပေးတာတွေလုပ်ပေးပါတယ်။

အခမဲ့ရတဲ့ Feature လေးမို့ သင့်ရဲ့ Page မှာ မဖွင့်ရသေးရင် အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ပါဦး။

၁။အရင်ဆုံး Page Setting ထဲကိုသွားပြီး Messaging ဆိုတာကိုရွေးပါ။

၂။ပုံမှာ ဝိုင်းပြထားတာတွေကို ဖွင့်ပေးပါ။

၃။Show a Messenger Greeting

ဒါကတော့ Messenger ကိုစဝင်ဝင်ချင်း ခေါင်းစီးမှာ မြင်ရမယ့် Greeting လေးပဲဖြစ်ပါတယ်။

၄။Instant Replies

ဒါကတော့ Page ကို စကားလာပြောတဲ့ သူတွေကို မကြာခင် စာပြန်ပေးပါ့မယ်ဆိုတဲ့ အကြောင်းပြတာဖြစ်ပါတယ်။

၅။Away Replies

ဒါကတော့ သင့်ရုံးပိတ်ချိန် ဒါမှမဟုတ် Reply မပြန်နိုင်ချိန်တွေမှာ စာပြန်ပို့ပေးတာဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါဦး။ အဆင်မပြေတာတွေရှိရင် မေးလို့ရပါတယ်။

တကယ်လို့ သင့်ရဲ့ Brand Page ကို ကိုင်တွယ်ရတာ အဆင်မပြေရင်ပဲဖြစ်ဖြစ်၊ မလုပ်တတ်ရင်ပဲဖြစ်ဖြစ် Digital Dots ရဲ့ Social Media Management Packages တွေကို အသုံးပြုလို့ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *