SSocial Media ပေါ်မှာ Organic Reach များစေမယ့်နည်းလမ်း (၅)ချက်
1. Creative ကောင်းအောင်လုပ်ပါ။

ကိုယ့် Audience တွေနဲ့ ကိုက်ညီတဲ့ Creative တွေကို ချပြပါ။ ဒီနေရာမှာ Creative ဆိုတာ ဓာတ်ပုံ၊ Video၊ Gif စတာတွေကို သုံးပြီး ဖန်တီးလို့ရပါတယ်။ Facebook က ကြော်ငြာတွေကို relevance score 1- 10 အထိပေးလေ့ရှိပြီး ၁၀ ဆိုရင်အကောင်းဆုံးပါ။ ဒီ relevance score ကောင်းလေလေ Facebook ကသူများတွေထက်ကိုယ့်ရဲ့ ads ကိုပိုပြပြီး ပိုက်ဆံကုန်တာနည်းလေပါပဲ။ ဒါ့အပြင် Facebook က post အဟောင်းထက် အသစ်ကိုပိုပြီးတော့ ဦးစားပေးပါတယ်။ ဒါကြောင့် Page မှာ Active ဖြစ်ဖို့ ပုံမှန် Post တင်သင့်ပါယတ်။
2. Insight ကိုအသုံးချပါ။

သင့်ပရိတ်သတ်တွေ Online ဖြစ်တဲ့အချိန်မှာ Post တွေတင်ပါ။ ကိုယ့် Page ရဲ့ပရိတ်သတ်တွေ ဘယ်ချိန် Online အသုံးပြုတာအများဆုံးလဲဆိုတာကိုတော့ ကိုယ့် Page ရဲ့ Insights Tab ထဲက အချက်အလက်တွေကိုကြည့်ပြီး အလွယ်တကူ သိရှိနိုင်ပါတယ်။
3. Comment တိုင်းကို စာပြန်ပါ။

Comment တွေကို Reply ပြန်ဖို့လည်း မမေ့ပါနဲ့။ ဒါကတော့ လုံးဝအရေးကြီးတဲ့အချက်ပါ။ ပရိတ်သတ်တွေနဲ့ Engagement တက်ချင်တယ်ရင် သူတို့ရဲ့ comment တစ်ခုချင်းစီတိုင်းကို သေသေချာချာ reply ပြန်ဖို့လုံးဝလိုအပ်ပါတယ်။
4. Live Video တွေလဲ လွှင့်ဖို့မမေ့ပါနဲ့။

Facebook ကတရားဝင်ပြောပြထားတဲ့ အချက်အလက်တွေအရ ရိုးရိုးသာမန် Video တစ်ခုတင်တာထက် Live Video တစ်ခုတင်တာက ကိုယ့်ပရိတ်သတ်တွေရဲ့ engagement ပမာဏကို ၁၀ ဆအထိ တိုးမြှင့်ရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်ရင် Live Video လေးတွေပါ စမ်းသပ်တင်ကြည့်နိုင်ပါတယ်။ Event ပွဲ တွေမှာ Live လွင့်ပြီး Question And Answer မေးခွန်းလေးတွေမေးရင် လည်း ပရိတ်သတ်များအောင်လုပ်နိုင်ပါတယ်။
5. တန်ဖိုးရှိတဲ့ Content တွေလဲ Share လုပ်ပေးပါ။

Page က Post တွေချည်းပဲ ဖတ်ရတာရိုးလာနိုင်တဲ့အတွက် အခြား Page တွေက တန်ဖိုးရှိတဲ့ Content တွေကို Share ပေးခြင်းဟာ ပရိတ်သတ်တွေကို အလေးထားဂရုစိုက်ရာရောက်ပြီး Content ဖန်တီးရတာလည်း အနည်းနဲ့အများသက်သာပါတယ်။