LinkedIn မှာ Company Profile တစ်ခု ဖန်တီးပါ။
ကိုယ့် Company LinkedIn Page ကိုဖန်တီးဖို့ အခမဲ့ပါ။ Company နာမည်နဲ့ Public URL ကို သေချာရွေးထည့်ပေးပါ။ Profile ကောင်းကောင်းလေး တင်ပါ။ Cover ပုံကိုလည်း သေချာလေး သုံးပေးဖို့မမေ့ပါနဲ့။ About Us, Location, Company Size, Company Type, Industry စတာတွေကို မှန်မှန်ကန်ကန်ဖြည့်ပေးပါ။
Content များပုံမှန်တင်ပါ။
Company Profile ရပြီဆိုရင်တော့ Content ကောင်းကောင်းလေးတွေ တင်ဖို့လိုပါတယ်။ LinkedIn Content Strategy တစ်ခု ချပြီး Calendar နဲ့တင်ပေးပါ။
Blog လိုမျိုး Article ပုံစံတွေလည်းတင်လို့ရပါသေးတယ်။ LinkedIn က B2B ပုံစံ Platform ဖြစ်တာမို့လို့ Content တွေရေးတဲ့အခါ ကိုယ့် Company ပုံရိပ်ကို မထိခိုက်စေမယ့် အရေးအသားမျိုးဖြစ်ပါစေ။ စာလုံးပေါင်းကိုလည်း အထူးဂရုစိုက်ပါ။
LinkedIn Ads တွေ run ပါ။
ဝယ်ယူနိုင်ချေရှိတဲ့ ဖောက်သည်တွေ ကိုယ့်စာတွေကိုမြင်စေဖို့ LinkedIn Ads တွေလုပ်ပါ။
LinkedIn Group တွေထဲမှာ ကိုယ့်ရဲ့ Content တွေကို မျှဝေပါ။
Group တွေထဲမှာ မျှဝေတဲ့အခါ သင့်တော်တဲ့ Group တွေမှာ သင့်တော်တဲ့ သတင်းအချက်အလက်တွေကိုသာ မျှဝေပါ။ လူတွေကို Spam မဖြစ်ပါစေနဲ့။