Digital Marketing, General, Search Engine Optimisation, Web development, Website Optimisation

Website တစ်ခုလုပ်ဖို့ စဉ်းစားနေသူတိုင်း ဖတ်သင့်တဲ့ စာ

Website Devleopment, Website Designer in Yangon

Website တစ်ခုလုပ်ဖို့ စဉ်းစားနေသူတိုင်း ဖတ်သင့်တဲ့ စာ

  • ခေါင်းစဉ်များ
  • -Website တစ်ခု ဘာကြောင့်ရှိသင့်တာလဲ?
  • -Website ရှိခြင်းရဲ့ အားသာချက်တွေကဘာတွေလဲ?
  • -Website Development အတွက် ဘာကြောင့် Digital Dots Creative Agency ကိုရွေးချယ်သင့်တာလဲ?

Website တစ်ခု ဘာကြောင့်ရှိသင့်တာလဲ?

စားသုံးသူတွေဟာ‌ သတင်းအချက်အလက်ရှာဖွေတဲ့အခါ အရင်ကလို သတင်းစာ၊ တီဗီနဲ့ ရေဒီယိုတွေကို အားမကိုးကြတော့ပါဘူး။ သူတို့သိချင်တာရှိရင် Facebook, Google နဲ့ YouTube စတဲ့ နေရာတွေမှာပဲ ရှာကြပါတော့တယ်။ ဒီတော့ သင့်လုပ်ငန်းအနေနဲ့ အခြားသူတွေထက်နှာတစ်ဖျားသာပြီး ရှေ့ရောက်ဖို့အတွက် Facebook Page နဲ့ Website တစ်ခုကတော့ မရှိမဖြစ်ကို လိုအပ်နေပါပြီ။

Website ရှိခြင်းရဲ့ အားသာချက်တွေကဘာတွေလဲ?

  • -စားသုံးသူများက ပိုမိုယုံကြည်ခြင်း။
  • -ကိုယ်ပိုင် မီဒီယာတစ်ခုရရှိခြင်း။
  • -၂၄နာရီဝန်ဆောင်မှုပေးနိုင်ခြင်း။
  • -စားသုံးသူများအတွက် သတင်းအချက်အလက်ရရှိမှုမြန်ခြင်း။
  • -Retargeting, Remarketing ပြန်လုပ်နိုင်ခြင်း။
  • -ကြော်ငြာစရိတ်အတွက် ငွေကုန်ကြေးကျ သက်သာခြင်း။

-စားသုံးသူများက ပိုမိုယုံကြည်ခြင်း။

စစ်တမ်းတွေအရ စျေးဝယ်သူတွေဟာ Website ရှိတဲ့ Company တွေကို ပိုပြီး ယုံကြည်ကြကြောင်းတွေ့ရပါတယ်။ Websiteဟာ သင့်လုပ်ငန်းရဲ့ အွန်လိုင်း Identity တစ်ခုဖြစ်တာမို့ Website တစ်ခုတောင် မထားနိုင်တဲ့ Company ဟာ သူ့ရဲ့ လုပ်ငန်းကို သေချာပြင်ဆင်မှုမရှိဘူးလို့ ထင်တတ်ကြပါတယ်။

ကိုယ်ပိုင် မီဒီယာတစ်ခုရရှိခြင်း။

Owned Media Website Devleopment Agency | Digital Dots Creative Agency in Yangon

အင်တာနက်မှာ Owned Media, Paid Media နဲ့ Earned Media ဆိုပြီး Media အမျိုးအစား ၃ခုရှိပါတယ်။ Owned Media ကတော့ ကိုယ်ပိုင် Website, Blog, Email စတာတွေကို ဆိုလိုတာဖြစ်ပါတယ်။ Paid Media ကတော့ Facebook ကြော်ငြ၊ YouTube ကြော်ငြာစတာတွေကို ဆိုလိုတာဖြစ်ပြီး Earned Media ကတော့ စားသုံးသူတွေကပေးတဲ့ Review တွေ၊ Media, Journalနဲ့ သတင်း website တွေကို ဆိုလိုတာပါ။ Website တစ်ခုရှိခြင်းအားဖြင့် ကိုယ်ပိုင် Platform မှာ ကိုယ်တင်ချင်တဲ့ သတင်းအချက်အလက်တွေကို တင်ပြီး လူထုကို အသိပေးလို့ရပါတယ်။ သတင်းအချက်အလက် ထိန်းချုပ်ခွင့်အပြည့်အ၀ရချင်ရင် Website တစ်ခုရှိထားဖို့လိုပါတယ်။

-၂၄နာရီဝန်ဆောင်မှုပေးနိုင်ခြင်း။

a creaitve website development | website design agency in Yangon

Website တွေက ဘယ်တော့မှ အနားမယူပါဘူး။ ၂၄နာရီလုံး သင့်လုပ်ငန်းအတွက် စျေးရောင်းပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။ အိပ်နေရင်းတောင် Order တွေ၊ စုံစမ်းမေးမြန်းမှုတွေကို လက်ခံနိုင်တာက Website တွေပါပဲ။

-စားသုံးသူများအတွက် သတင်းအချက်အလက်ရရှိမှုမြန်ခြင်း။

စားသုံးသူတွေဟာကိုယ်သိချင်တာကို သိရဖို့အတွက် အချိန်အကြာကြီးစောင့်တာမျိုး မလုပ်ကြတော့ပါဘူး။ ဒီတော့ သတင်းအချက်အလက်ခေတ်ကြီးမှာ ကိုယ့် Products သို့မဟုတ် Services နဲ့ပတ်သက်တာကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတဲ့ Website တစ်ခုသာမရှိရင် သင့်လုပ်ငန်းကို လူတွေ တာ့တာ ပြသွားပါလိမ့်မယ်။

-Retargeting, Remarketing ပြန်လုပ်နိုင်ခြင်း။

အခြားကျန်တဲ့ ကြော်ငြာနည်းတွေထက်သာတဲ့အချက်ကတော့ ဥပမာ – Billboards နဲ့ Flyers တွေဆိုရင် ကြည့်သွားတဲ့သူတွေကို ပြန်ပြီး လိုက်ရှာဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီး ကိုယ့်ကြော်ငြာကို ကြည့်သွားတဲ့သူတွေရဲ့ အသက်အရွယ်၊ နေထိုင်တဲ့နိုင်ငံ၊ မြို့ စတာတွေကိုလည်း မသိရပါဘူး။ Website တစ်ခုရှိမယ်ဆိုရင်တော့ ကိုယ့် Website ကိုဘယ်သူတွေ၊ ဘယ်မြို့တွေက လာကြည့်တယ်ဆိုတဲ့ Data တွေကို သိရမယ့်အပြင် အဲ့ဒီလူတွေကိုယ် ကိုယ့် Product ပြန်ကြော်ငြာတဲ့ Ads တွေပါ ဖန်တီးလို့ရပါတယ်။

-ကြော်ငြာစရိတ်အတွက် ငွေကုန်ကြေးကျ သက်သာခြင်း။

တကယ်တော့ Website ဟာ သင့်လုပ်ငန်းရဲ့ အွန်လိုင်း Brochure တစ်ခုလို့တောင် တင်စားလို့ရပါတယ်။ သင်ကသာ အချက်အလက်တွေကို ပုံမှန် Update လုပ်ပေးနေမယ်ဆိုရင် စားသုံးသူတွေအတွက် အရမ်းအထောက်အကူဖြစ်ပါလိမ့်မယ်။ Website ရေးတဲ့အခါ ပထမအကြိမ်ပဲ များများပေးရမှာဖြစ်ပြီး ကျန်တာကတော့ နှစ်စဉ်ကြေးတွေပဲ ပေးဆောင်ရတာမို့ ငွေကုန်ကြေးကျလည်း သက်သာပါတယ်။ Website ဟာ သင့်လုပ်ငန်းအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလိုတောင် တင်စားလို့ရပါတယ်။ ( Website သုံးရတာလည်း အရမ်းမခက်ပါဘူး။ CMS ( Content Management System တွေအသုံးပြုပြီး ရေးထားတဲ့ Website တွေဆိုရင် သင် Facebook မှာ Post တင်သလိုမျိုးပဲ ရိုးရှင်းပါတယ်။ )
.

Website Development အတွက် ဘာကြောင့် Digital Dots Creative Agency ကိုရွေးချယ်သင့်တာလဲ?

အခုပြောတဲ့ အကျိုးကျေးဇူးတွေထက်ပိုများတဲ့ အခြားအချက်တွေရှိပါသေးတယ်။ စာရှည်ရင် ပျင်းသွားမှာစိုးလို့ ချန်ခဲ့တာပါ။ အကျိုးကျေးဇူးတွေသိပြီဆိုတော့ ဘာကြောင့် Digital Dots Creative Agency ကိုရွေးသင့်တာလဲ? ဆိုတာလေးပါပြောပြမယ်နော်။

  • မည်သည့် Device တွင်မဆို Responsive ဖြစ်သည့် Website များကိုတည်ဆောက်ပေးခြင်း
  • Website Development ဝန်ဆောင်မှုပေးလာသည့် သက်တမ်း ၇နှစ်ရှိခြင်း
  • ကျွမ်းကျင်ပညာရှင်များဖြင့် စုဖွဲ့ထားသည့် Website Development Team ရှိခြင်း
  • နာမည်ကြီး ပြည်တွင်း၊ ပြည်ပ အမှတ်တံဆိပ်များအတွက် Website များကို ဝန်ဆောင်မှုပေးနေခြင်း
  • SEO အတွက် ရည်စူးကာ Website များကို ပြင်ဆင်ပေးခြင်း
  • ကိုယ်ပိုင် Design များဖြင့် Website ပြုလုပ်ပေးခြင်း
  • CMS Website များဖြစ်တဲ့အတွက် အသုံးပြုရ ရိုးရှင်းလွယ်ကူပြီး Website အသုံးပြုနည်း Training ပါ ပေးခြင်း
  • နည်းပညာပိုင်းဆိုင်ရာတွင် ရှေ့တန်းရောက်ခြင်း တို့ကြောင့် Digital Dots ကို ရွေးချယ်သင့်ကြောင်းပြောရင်း Website အပ်မယ့်သူအတိုင်း ဖတ်သင့်တဲ့ စာကို ဒီမှာရပ်လိုက်ပါတယ်။ ရောင်းဝယ်ရေး အဆင်ပြေပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလား တက်ကြပါစေ။ Contact Us

Leave a Reply

Your email address will not be published. Required fields are marked *