General

Tit Tok မှာ Pro Account ရပြီ။

digital marketing agency digital dots creative agency in yangon in myanmar

Tik Tok က Content Creators တွေအတွက်ကတော့ ဝမ်းသာစရာသတင်းပါပဲ။ Tik Tok ကနေပြီး Pro Account ဆိုပြီး အသစ်ထပ် မိတ်ဆက်ထားတာ တစ်ခုရှိပါတယ်။ ကိုယ့်ရဲ့ Video Performance တွေနဲ့ Insight တွေကို Pro-Account မှာ ပြန်ကြည့်လို့ရမှာပါ။

ဒီ Pro Account က analytics tool ဟာ အပတ်စဉ်၊ လစဉ် ဗီဒီယိုကြည့်ရှူမှုတွေ၊ Follower အတက်အကျနဲ့ ခေတ်စားတဲ့ ဗီဒီယိုတွေကို ပြသပေးမှာဖြစ်ပါတယ်။ ဒီ tool ကြောင့် ပိုကောင်းတဲ့ Video တွေကို ဖန်တီးလာနိုင်မှာပါ။

ဒါဆို Pro Account ရအောင် ဘယ်လို လုပ်မလဲ?

  • အရင်ဆုံး ကိုယ့်ရဲ့ Profile Page ကိုဝင်ပါ။ ပြီးရင် Privacy & Settings Tab ကိုသွားပါ။
  • Manage My Account ကိုရွေးပါ။
  • Switch to Pro Account ကို တွေ့ပါလိမ့်မယ်။
  • Pro-Account ပွင့်သွားတာနဲ့ Account Option အောက်မှာ Analytics ဆိုတဲ့ ခလုတ်လေးကို တွေ့ရပါလိမ့်မယ်။

ကဲ Pro Account ပြောင်းပြီး ပိုကောင်းတဲ့ ဗီဒီယိုတွေဖန်တီးလိုက်ပါတော့။

Leave a Reply

Your email address will not be published. Required fields are marked *